ခင်မာဝင်း
အသံလွှင့်ထုတ်လုပ်သူ
ဒေါ်ခင်မာဝင်း သည် ရေဒီယိုသြစတြေးလျ ၏ ပထမဦးဆုံးသော မြန်မာအစီအစဉ် ကို ထုတ်လွှင့် သူ ဖြစ်သည်။ ယခင် က သြစတြေးလျ နိုင်ငံ ရှိ အသံလွှင့်ဌါန အပါ အ၀င်၊ နိုင်ငံတကာ အသံလွှင့် ဌါန များ တွင် လည်း အသံလွှင့်ခဲ့သူ ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ် အိုလမ်ပစ်ပွဲတော်တွင် ဆစ်စနီ မီဒီယာ ဗဟိုဌါန တွင်၊ စီမံကိန်း မန်နေဂျာ အဖြစ် ၄င်း၊ ABC TV ရုပ်မြင် သံကြား အစီ အစဉ် များတွင် ထုတ်လုပ်ရေး မန်နေဂျာ အဖြစ် တာဝန် ယူခဲ့ သူ ဖြစ်ပါ သည်။
နားဆင်နိုင်သည့် အချိန်များ
* မြန်မာစံတော်ချိန် နံနက် ၅း၃၀
* မြန်မာစံတော်ချိန် နံနက် ၇း၃၀
ဂြိုဟ်တုလှိုင်း
ရေဒီယိုသြစတြေးလျမြန်မာအစီအစဉ်ကို အင်တယ်ဆက်-၈ နှင့် အင်တယ်ဆက်-၁၀ တို့တွင်ကြည်လင်ပြတ်သားစွာရုပ်သံ နှင့် အသံလွှင့်ဌါနများ မှဖမ်းယူနားဆင်နိုင်သည်။
ဆက်သွယ်ရန်
စာတိုက်မှတဆင့်ဆက်သွယ်နိုင်သည့် လိပ်စာ
Radio Australia
GPO Box 428G, Melbourne
Australia 3001
ဖုံး
ပြည်ပမှ ဆက်သွယ် နိုင်သည့်နံပါတ် + 61 39626 1500
Fax
ပြည်ပမှ ဆက်သွယ် နိုင်သည့်နံပါတ် + 61 39626 1899
ကရင်ဘလောဂါများ
- စောလင်းနက်စ်
- အဲခါန်.သင့်(ဆစ်ဒနီ)
- စောဆိုအဲထအောင် (ဆိုဒ်အဲထ်ုအင်)
- မန်းဧရာ
- စောကျော်လေး
- ဒေါင်းပျိုလှလှအားမာန်
- ပထီးပကော်
- စောဖိုးဇော်
- ဇွဲကပင်(KDA)
- ထောမဲပါ
- ဒေါနမြေ
- မျိုးချစ်ကရင်
- မူ.ယံင့်ဖါန်
- ကရင်အမျိုးသား မိတ်သဟာယအဖွဲ့ (ကိုးရီးယား)
- သောသီခို
- OKRSO's Family
- ဖူ့တာမိက်
- ကရင်လူငယ်အစည်းအရုံး (ကိုးရီးယား)KYO
- ယံင့်၀၀်
- အမိကရင်မြေ
- စောဇော်လတ်
- ဘာဘလျူးမူး
- ဖားစည်သံ
ကရင်ဝက်ဘဆိုက်များ
- ကေအိုင်စီ
- ဇွဲကပင်
- ကေအဲန်ယူ(ဂျပန်)
- ဇွဲကပင်(ဂျပန်)
- ကရင်အမျိုးသားအဖွဲ့ချု့ပ်(ဂျပန်)
- မြစ်သံလွင်စောင့်ကြည့်ရေးအဖွဲ့
- ဘက္ကဖီးကရင်
- ကော်သူးလေ
- တောင်ကလေးအေးရိပ်သာ
- ဒရမ်ပုံနှိမ့်ထုတ်ဝေရေးအဖွဲ့
- ဆွီဒင်ကရင်အဖွဲ့
- ကွယ်ကလူကရင်ဝက်ဆိုက်ဘ်
- ကနေဒါကရင်ဝက်ဆိုက်ဘ်
- ကရင်နှစ်ခြင်းခရစ်ယာန်များ
- ကရင်မြစ်ချောင်းစောင့်ကြည့်ရေး
- ကရင်သူငယ်ချင်းများ
- ကရင်လူ့အခွင့်အရေးအဖွဲ့
- ကရင့်ဒီမိုကရေစီ
- ကရင်ကျောင်းဆရာဆရာမများ
- ကရင်အမျိုးသားအစည်းအရုံး
- ကရင်အမျိုးသားတပ်မတော်
- တောင်ပေါ်ကရင်မျိုးနွယ်စု
- သြစတြေးလျားကရင်လူငယ်စီမံ
- ကရင်နည်းဗျူဟာလေ့လာရေး
- ကရင်ဒုက္ခသည်ကွန်ယက်
- မက်နီဆိုးတာကရင်အဖွဲ့
- အမေရိကန်ရောက် ကရင်ကွန်မြူနတီ
- နိုင်ငံတကာ ကရင်ဝက်ဆိုက်ဘ်
Wednesday, November 11, 2009
ရေဒီယိုသြစတြေးလျ မြန်မာအစီအစဉ် ကို ထုတ်လွှင့်
Tuesday, November 10, 2009
ဆရာငိုတယ်
နိုဝင်ဘာ ၁၀၊ ၂၀၀၉
စောကျော်ခွိ
ဓါတ်ပုံ- ကေအိုင်စီ
ဆရာငိုတယ်
ဖြူစင်သန့်ရှင်း၊ ရနံ့သင်းနဲ့
ပြစ်ကင်းရင်သွေး၊ ပန်းကလေးတွေ
ပညာရည်နို့၊သောက်စို့ခွင့်မကြုံ
မဆုံခဲ့ရ၊ မလှကြစဉ်
ကောင်းကင်ကြီးကညိုတိုတို။
ဒေါသစစ်မီး၊ လောဘစစ်မီး
မီးလောင်ရာတော၊ ဒေသကြောဝယ်
လူမမယ်များ၊ ပြည့်အင်အားမှာ
ကျန်းမာရေးချို့၊ ပညာချို့တဲ့
ပန်းတိုင်မဲ့ရာ၊ ကြီးပြင်းလာချိန်
ရေတိမ်နစ်ကြ၊ အညတရနဲ့
ဒုက္ခရင်ခွင်၊ လဲပြိုစဉ်ဝယ်
ကောင်းကင်ကြီးကငိုမလိုလို။
လူလားမြောက်စေ၊ ပွဲတင့်စေရေး
ရေလောင်းပေါင်းသင်၊ ထိမ်းပဲ့ပြင်ခဲ့
ဥယျာဉ်ကျောင်းကလေး၊ ဗိမ္မာန်လေးဟာ
ညစ်ကြေးလောင်မီး၊ ဖျက်ဆီးခံလိုက်ရတဲ့အချိန်ခါ။
သူ့စေတနာ၊ ဝါသနာ
အနစ်နာများ၊ စော်ကားခံရချိန်
ညိုမှိန်မဲမှောင်၊ ဘဝမှောင်ထဲ
အားတွေခဲ၊ ဇွဲတွေတင်းရင်း
မြေသလင်းထံ၊ ကျောက်နံရံမှာ
သူကြံဖန်တီး၊ သားသမီးတွေ
တတ်သိစေရေး၊ သင်ကြားပေးဝံ့သူ။
ပညာရှာ၊ စာသင်ခန်းမှ
အတင်းအဓမ္မ၊ အကြမ်းပတမ်း
ငမ်းမရဆွဲ၊ ပေါ်တာထဲလိုက်စေ
ကလေးတွေ၊ မြေးတွေအတွက်
ဝမ်းနည်းမျက်ရည်၊ ရှိုက်လျက်ကျစဉ်
ကောင်းကင်ကြီးကလဲပြိုတော့မလို။
သင်္ချာပညာ၊ ကောင်းစွာသင်ပြ
ခွဲတမ်းချ၊ ခွဲခြမ်းပြပေမဲ့လည်း
တစ်လှေထဲစီး၊ တစ်ခရီးတွင်း
ညီရင်းအစ်ကို၊ မောင်ပျိုနှမတွေတောင်
အမှောင်တွေဖုံး၊ အရောင်တွေသုဉ်းမြဲ
တလွဲအတတ်၊ မခွဲတတ်ခဲ့တဲ့
အတည့်မလိုက်၊ တပည့်မိုက်ကြောင့်လေ
အပြုံးတွေခမ်း၊ ရှုံးတွေလွှမ်းစဉ်
ကောင်းကင်ကြီးညို၊ ကမ္ဘာပြိုကြသမို့
ဆရာငိုတယ်၊ ဆရာငိုတယ်၊ ဆရာငိုတယ်။ ။
(လင်္ကာဒီပ)
မိမိညီအစ်ကို ကရင်အချင်းချင်းကိုသော်မျှ စာနာမထားတော့သော ခွဲထွက်ကရင်တစ်စုနှင့် မဟာဝါဒီတွေကြောင့် ကရင်ကလေးငယ်များ၏ နောင်ရေးသည် အင်မတန်မှ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်နေပါသည်။ တောထဲ၊တောင်ထဲ၊
ဒုက္ခများစွာကြားထဲ အသက်ကို ပဓါနမထားဘဲ ရင်သွေးငယ်များ၏ အနာဂတ်ရေးရှေးရှုပြီး ပင်ပန်းဆင်းရဲကြီးစွာ သင်ကြား
ပြသပေးနေသော အနန္တဂိုင်းဝင် အာဇာနည်ဆရာ၊ ဆရာမများကိုလေးစားတန်ဖိုးထားလျက် ဤကဗျာကိုအမှတ်တရ ရေးဖွဲ့
စပ်ဆိုခဲ့ပါသည်။
Monday, November 9, 2009
Australia Sydney ရောက်ကရင်အမျိုးသားအတွက် လယ်ယာလုပ်ငန်းသင်တန်း
နိုဝင်ဘာ ၉၊ ၂၀၀၉
သတင်းနှင့်ဓါတ်ပုံ- ဖန်းလေး
ကရင်လူမျိုးတို့သည် မိမိတို့၏ ၀မ်းရေးအတွက် လယ်ယာ၊ ခြံ လုပ်ငန်းတို့ဖြင့် နှစ်ထောင် နှင့်ချီ၍ လုပ်ကိုင်စားသောက်လာခဲ့ကြ သည်။ ခေတ်တခုစနစ်တခုတိုးတက်ပြောင်းလဲမှု အရ ဓနရှင်၊ ဓနရှင်ပေါက်စ (ခေတ်ပညာတတ်)၊ လယ်သမားတောင်ယာသမား၊ အလုပ် သမားဟူ၍ အကြမ်းအားဖြင့် လူတန်းစား (၄)ရပ်အနက် ကရင်လူမျိုးအများစုမှာ လယ်သမား၊ တောင်ယာသမားများ ဖြစ်ခဲ့ကြသည်။
၎င်းတို့၏ လယ်မြေ၊ ခြံမြေကို တွယ်တာသည့်နည်းတူ ထိုလယ်မြေ၊ ခြံမြေကိုစွန့်၍ အခြားလူမျိုးများနည်းတူ မြို့ ပေါ်တက်၍ ကုန်ရောင်း ကုန်ဝယ်လုပ်ငန်းတို့ကို စိတ်မ၀င်စားကြပါ။ အကြောင်းမှာ ၎င်းတို့၏ လယ်မြေ၊ ခြံမြေကို ဘိုးစဉ်ဘောင် ဆက် ဆက်လက်ထိန်းသိမ်းလိုသော ဆန္ဒနှင့် အေးအေးလူလူ လုပ်ကိုင်အသက်ရှင်လိုသော ပင်ကိုယ်သဘာဝတို့ကြောင့်ဖြစ်ပါသည်။
မိမိ၏ ဘိုးဘွား နှစ်ဘက်စလုံးမှာလည်း လယ်ယာ၊ ခြံမြေလုပ်ငန်းတို့ဖြင့် ၎င်းတို့သက်ဆုံးတိုင် လုပ်ကိုင်စားသောက်လာခဲ့ကြပြီး သားသမီး၊ မြေး၊ မြစ်များကိုလည်း လက်ဆင့်ကမ်းအမွေပေးခဲ့ကြပါသည်။ ကမ္ဘာပေါ်တွင် သပံ္ပပညာနှင့် နည်းပညာများ မည်မျှပင် တိုးတက်ပြောင်းလဲစေကာမူ ကရင်လူမျိုးအများစုမှာ လယ်ယာ တောင်ယာ ခြံတို့ဖြင့်သာ ယနေ့ထက်တိုင်လုပ်ကိုင် ရပ်တည်နေ ကြသည်။
ထို့ကြောင့် မြန်မာပြည်တွင် မဆလခေတ်မှ ယနေ့ နအဖ စစ်အာဏာရှင်ထိတိုင် ကရင်လယ်သမား ခြံသမားများတို့သည် အခြား လူမျိုးများထက်ပို၍ လူတန်းစားအရ အဖိနှိပ်ခံနေကြရဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကရင်အများစုမှာ ထိုလုပ်ငန်းတို့ဖြင့် အသက်ရှင်ရပ်တည်နေကြရခြင်းကြောင့်ဖြစ်သည်။
လယ်ယာ ခြံမြေကို ခင်တွယ်ကြသည့် Australia ရောက် ကရင် (၂၀)ဦးသည် AKCO (Australia Karen Culture Organization) ၏ အစီအစဉ်ဖြင့် Certificate II Agriculture Course ကို လွန်ခဲ့သည့် 21st July, 2009 မှ စတင်ကာ သင်တန်းကာလနှင့် လက်တွေ့အပါအ၀င် (၈)လခန့် သင်ကြားရမည်ဖြစ်သည်။ မိမိတို့၏ ဆန္ဒအပေါ်မူ တည်၍ Certificate III, IV, Diploma အထိ တက်ရောက်သင်ကြားနိုင်ကြမည်ဖြစ် ဖြစ်သည်။ ထို Course မှာ ကရင်အမျိုးသားများအတွက် အထူးသင်ကြားပို့ချပေးသော သင်တန်းဖြစ်သည်။ ယခုလည်း အခြားသောကရင်များ တက်လိုက enrollment လုပ်နိုင်ပြီ ဖြစ်သည်။ အခြားအစီတခုမှာ Australian ပုဂ္ဂလိကလယ်သမားနှင့် AKO အစီအစဉ်ဖြင့် သင်တန်း ပေးပြီး လက်တွေ့လုပ်ငန်းခွင်သို့ ၀င်ရောက်စေကာ လောလောဆယ်အရ အချို့ကရင်များကို အလုပ်သွင်းပေးနေပြီဖြစ်သည်။
ယခုမိမိတို့၏ သင်တန်းကာလအတွင်း အပင်များကို ကိုင်းကူး ကိုင်းဆက်နည်း၊အပင်ပျိုးနည်း၊မြေသြဇာအမျိုးအစားအလိုက်သုံးနည်း၊ ရေသွယ်နည်း၊ ရေသွင်းနည်း၊ ခြံစည်း ရိုးပြုလုပ်နည်း ပြုပြင်နည်း၊ ထွန်စက်ကြီး၊ ငယ်မောင်းနည်း၊ ထွန်ယက်နည်းတို့နှင့် ပိုး သတ်ဆေးဖြန်းနည်းတို့အပြင် နွားမွေးမြူရေး၊ သိုးမွေးမြူရေး၊ ကွန်ပြူတာသုံးနည်း အစ ရှိသော ပညာရပ်တို့ကို မိမိတို့အား ပို့ချ ပေးလျှက်ရှိသည်။ ထို့အပြင် အပြင်ဗဟုသုတရ ရှိနိုင်အောင် ဘတ်စ်ကားဖြင့် ဆရာများကိုယ်တိုင် ကြီးကြပ်စီစဉ်၍ (၂)ရက်ကြာ ခရီး ထွက်စေခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ မိမိတို့ သင်တန်းမှာ April 2010 မှ သင်တန်း Course ပြီးဆုံးမည်ဖြစ်သည်။
စစ်အာဏာရှင်စနစ်အောက်တွင် ကရင်လူမျိုးအပြင် အခြားတိုင်းရင်းသား လူထုလူတန်းစားများအားလုံး ဒုက္ခရထားကြီးဖြင့် မျိုးဆက်ပေါင်းများစွာ ခရီးသွားနေရခြင်းမှ လွတ်ကင်း၍ ထိုစုန်းပြူးကဲ့သို့ စစ်အာဏာရှင်သည်လည်း မြန်မာပြည်တွင် အမြန်ဆုံး ကျဆုံးပါစေဟု ဆန္ဒပြုအပ်ပါသည်။
အမိကရင်ပြည်မှ ကူးယူဖေါ်ပြသည်။
Saturday, November 7, 2009
ဘ၀ တလင်းပြင်ထဲက ကောက်သင်းကောက်သူများ…
ဧရာတီ
Saturday, 07 November 2009 15:00 ကြည်ဝေ
ပိန်ဖျော့ဖျော့ လက်သေးသေးလေးတစုံသည် လယ်ကွင်းရိုးပြတ်တွေကြားရှိ ကောက်ရိတ်သိမ်းရာမှ ကျကျန်နေခဲ့သော စပါးနှံများကို တနှံချင်းစီ လိုက်ကောက်နေသည်။ ကောက်ပြီးသား စပါးနှံများကို ညာလက် သေးသေးလေးနှင့် ဆုပ်ကိုင် ထားပြီး ဘယ်လက်ဖြင့် ကိုင်ထားသော ပီနံအိတ်ထဲကို ဂရုတစိုက်ထည့်ကာ ဆက်ကောက်နေပြန်သည်။
လူကြီးဆောင်း ဦးထုပ်ကြီးတလုံးကို ဆောင်းထားပြီး ထမင်းထုပ်နှင့် ပီနံအိတ်ခွံတချို့ထည့်ထားသောကြောင့် ဖောင်းကား နေသော လွယ်အိတ်နွမ်းလေးလွယ်ကာ ကျယ်ဝန်းလှသော လယ်ကွင်းရိုးပြတ်များကြား၌ ဖိနပ်မဲ့ခြေဖ၀ါးများနှင့် တနေကုန် ကောက်သင်းလိုက်ကောက်နေသည့် ကလေး၏ အသက်မှာ ၇ နှစ်ခန့်သာရှိသေးကြောင်း အဘွား ဒေါ်ချိုက ပြောပြသည်။
သူတို့မြေးအဘွားသည် နံနက် ၇ နာရီကတည်းက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အတွင်းက လယ်ကွင်းများထဲရှိ ရိတ်သိမ်း ပြီး ကျကျန်ခဲ့သော စပါးနှံများကိုကောက်၍ အသင့်ယူလာသည့် ပီနံအိတ်ဖြင့်ထည့်ယူကြရသည်။ ပီနံအိတ်တလုံးပြည့်သွား လျှင် နောက်ထပ်အိတ်တလုံးကို ဆက်ဖြည့်ရင်း ကောက်သင်းကောက်ကြသည်မှာ ညနေစောင်းသည်အထိ ဖြစ်သည်။
နံနက်မိုးလင်းမှ မိုးချုပ်ချိန်အထိ အဘွားနှင့်အတူ ရာသီပေါ် အလုပ်များကို ကြုံရာကျပန်းလုပ်နေရသော မောင်ပေါ်လေး သည် အသက် ၇ နှစ်ခန့် ရှိနေပြီဖြစ်သော်လည်း ကျောင်းမနေဘူးချေ။ မောင်ပေါ်လေးသာမက သူ့အထက်က အသက် ၁၂ နှစ်အရွယ်နှင့် ၁၀ နှစ်အရွယ် ကလေးများသည်လည်း ကျောင်းမနေဘူးကြပါ။ ယခုအခါ ထိုနှစ်ယောက်မှာ မိခင်ဖခင်တို့နှင့် အတူ ပဲခူး၊ ညောင်လေးပင် ဘက်ရှိ မီးသွေးဖိုလုပ်ငန်းတွင် အလုပ်ဝင်လုပ်နေကြကြောင်း ဒေါ်ချိုက ပြောပြသည်။
“ကောက်သင်းကောက်လို့ရတဲ့ စပါးတွေကို ၀ယ်တဲ့ဒိုင်တွေမှာ ပြန်သွင်းတယ်၊ တနေကုန် ကောက်ရင်တော့ ငါးအိတ် လောက် ရတယ်၊ တအိတ်ကို ကျပ် ၂၅၀ ပေးတယ်၊ အဲဒါ စပါးဈေးကောင်းနေလို့၊ မနှစ်ကဆိုရင် တအိတ်မှ ၂၀၀ ပဲ ပေး တာ၊ ဒီကရတဲ့ငွေနဲ့ပဲ ကျုပ်တို့မြေးအဘွား စားနေရတာ”ဟု ဒေါ်ချိုက ပိုးစား၍ မည်းညစ်နေသော သွားများ မပေါ်စေရန် ပါးစပ်စေ့ကာ ပြောသည်။
ယခုကဲ့သို့သော ကောက်သစ်ရာသီများတွင် ကောက်သင်းကောက်ခွင့်ရရန် လယ်ရှင်များကို ခွင့်တောင်းခဲ့ရကြောင်း၊ ယခင် ကတည်းက လယ်ရှင်များထံတွင် ၀င်ထွက်သွားလာကာ လုပ်ကိုင်စရာရှိသည်တို့ကို လုပ်ကိုင်ပေးရလေ့ရှိကြောင်း၊ တဦး မေတ္တာ၊ တဦးစေတနာ သဘောမျိုးဖြင့် ကောက်သင်းကောက်ခွင့် ပေးကြခြင်း ဖြစ်ကြောင်း အဘွားဒေါ်ချိုက ပြောပြသည်။
“ကောက်သင်း ကောက်လာတာ ဒီကလေးတသက်ပဲ၊ ကောက်သင်း မကောက်ရတဲ့အချိန်တွေမှာတော့ ကျပန်း လုပ်စား တယ်၊ ဒီလယ်ရှင်တွေနဲ့က ဟိုးအရင်ကတည်းက သိတာဆိုတော့ ကျုပ်တို့ကလွဲပြီး တခြားသူကို ပေးမကောက်ခိုင်း တော့ဘူး”ဟု သူက ဆိုသည်။
လယ်ရှင်များကလည်း ကောက်ရိတ်သိမ်းစဉ်က ကျခဲ့သော စပါးနှံတို့ အလကားဖြစ်မည့်အစား ဒေါ်ချိုတို့ ကဲ့သို့သော နွမ်းပါး သူများကို ပေးကောက်ခြင်းဖြစ်သည်။ ကောက်သင်းကောက်သူများကလည်းရလာသည့် စပါးနှံများကိုဝမ်းစာထားသူ က ထား၊ ပြန်ရောင်းသူကရောင်း၊ လယ်ရှင်ထံတွင်ပင် ပြန်သွင်းသူက သွင်းကြသည်။
“ဒီနှစ်စပါးဈေးကောင်းတယ်လို့ ပြောတယ်၊ ခုတောင် စပါးဈေးက ကျပ် ၃ သိန်းကျော်ပြီတဲ့၊ ကျုပ်တို့တောင် ဒီစပါးတွေ ပြန်မရောင်းဘဲ သိမ်းတော့မယ်လို့ စိတ်ကူးတယ်၊ စပါးဈေးကောင်းရင် ဆန်ဈေးလည်း ကောင်းတော့မှာလေ၊ ကျုပ်တို့ ၀ယ်စားဖို့ ခက်တော့မှာ”ဟု ဒေါ်ချိုက ပြောသည်။
ကျပန်းလုပ်ကိုင်စားသော သူတို့ မြေးအဘွားကဲ့သို့ ချို့တဲ့သူများအနေနှင့် ခိုင်းသူရှိမှ အလုပ်ရှိကြောင်း၊ စပါးများ မြင်နေ တွေ့နေရသော်လည်း ထမင်းငတ်ခဲ့သော နေ့ရက်များရှိကြောင်းလည်း သူက ဆိုသည်။
တောင်သူများအတွက် စပါးဈေးကောင်းခြင်းမှာ ပျော်စရာဖြစ်ပြီး သူတို့အတွက်လည်း အလုပ်အကိုင် ကောင်းနိုင်သော ကြောင့် ၀မ်းသာရကြောင်း၊ သို့သော်လည်းစပါးဈေးကောင်းသည့်အတွက် ဆန်ဈေးတက်လာမည်ကို စိုးရိမ်နေရကြောင်း စပါးလှေ့သည့်အလုပ်ကို လုပ်ကိုင်နေသော မသိန်းစိန်ကလည်း ပြောပြသည်။
“လယ်ရှင်တွေကခိုင်းမှ အလုပ်လုပ်ရတဲ့ ကျမတို့လို ကျပန်းတွေက လယ်စိုက်နေရပေမယ့် ထမင်းစားဖို့ ခက်တယ်၊ မနှစ်တုန်းကတော့ လယ်ရှင်တွေက ထွက်နှုန်းမကောင်းလို့၊ ဈေးမကောင်းလို့ဆိုပြီး လုပ်ခ နည်းနည်းပဲ ပေးတယ်၊ ဒီနှစ် ထွက်နှုန်းကောင်းတယ်၊ ဈေးကောင်းတယ်ဆိုရင် လာမယ့် နွေစပါးစိုက်တော့ ပိုရမှာ မှန်ပေမယ့် ၀ယ်စားရမယ့် ဆန်ဈေး ကလည်း တက်နေတော့ ငတ်နေတာပါပဲ”ဟု မသိန်းစိန်က ဆိုသည်။
မိုးစပါး စိုက်ပျိုးစဉ်က ပျိုးနှုတ်ခ၊ ကောက်စိုက်ခမှာ တရက် ကျပ် ၁၀၀၀ ရခဲ့ကြောင်း၊ ယမန်နှစ်ကမူ တရက် ကျပ် ၈၀၀ သာ ရကြောင်း၊ ယခုနှစ် ပိုရသည်ဟု ဆိုနိုင်သော်လည်း ကုန်ဈေးနှုန်းများ တက်လာခဲ့သောကြောင့် အဆင်မပြေကြောင်း သူက ပြောပြသည်။
“အခု စပါးဈေးကလည်းတက်လာပြီ၊ ဆန်ဈေးတွေလည်း အရင်နှစ်ကထက် တက်သွားပြီလို့ ကြားတယ်၊ ကျမတို့ ဆန်တောင် ၀ယ်စားနိုင်ပါ့မလားမသိတော့ဘူး”ဟုလည်း မသိန်းစိန်က ညည်းညူသည်။
ဒေါ်ချိုတို့ မြေးအဘွားကတော့ နောက်ရက်များတွင်ရသမျှသော စပါးနှံများကို ဒိုင်မသွင်းဘဲ အိမ်စားရန် သိမ်းမည်ဖြစ် ကြောင်း ပြောပြသည်။
ယခုနှစ် ကောက်သင်းကောက်သူအများစုကလည်း စပါးကြိတ်ခွဲကာ ဆန်အဖြစ်ထားကြမည် ဖြစ်ကြောင်း ပြောကြသည်။
ယခင်နှစ်များက ၂ နှစ်ဆက်တိုက်ပင် စပါးဈေး တင်းတရာလျှင် ကျပ် ၂ သိန်းကျော်ရုံမျှသာ ရှိခဲ့သောကြောင့် စိုက်စရိတ် မကျေသော တောင်သူများပင် ရှိကြောင်း၊ ယခုနှစ်တွင်မှ စပါးဈေး တရိပ်ရိပ် တက်လာခဲ့ရာ ကျပ် ၃ သိန်း ၅ သောင်းကျော် ဈေးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့နှစ်တွေက စပါးဈေးကျတော့ ကျနော်တို့မှာ စိုက်စရိတ်မကျေ၊ ကြွေးမကျေတဲ့အပြင် ကြွေးသစ်တွေ တင်ခဲ့ရတယ်၊ အခုလည်း ဘယ်လိုလာဦးမလဲတော့ မပြောတတ်ဘူး၊ လောလောဆယ်တော့ စပါးဈေး ကောင်းနေတာ မှန်ပါတယ်” ဟု တွံတေးမြို့နယ်မှ တောင်သူတဦးဖြစ်သည့် ဦးခင်မောင်ညွန့်က ပြောသည်။
သူ့အနေနှင့် ယခုနှစ်တွင် ဧက ၂၀ စိုက်ခဲ့ရာ စပါးတင်း ၉၀၀ ကျော် ရရှိခဲ့သောကြောင့် ထွက်နှုန်း မဆိုးဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က တင်း ၆၀၀ ပြည့်ရုံသာရခဲ့ပြီး ၂၀၀၇ ခုနှစ်ကလည်း တင်း ၅၀၀ ခန့်သာ ရသောကြောင့် စိုက်စရိတ် မကျေခဲ့ကြောင်းပြောပြသည်။
စပါးစိုက်တောင်သူများတွင် ကိုယ့်စရိတ်နှင့်ကိုယ် စိုက်နိုင်သော တောင်သူနှင့် ချေးငှားကာ စပါးပေး ငွေယူစနစ်ဖြင့် စိုက်ကြသော တောင်သူများရှိသည်။ စပါးထွက်နှုန်းကျပြီး ဈေးကျပါက စပါးပေးငွေယူစနစ်ဖြင့် စိုက်ကြသော တောင်သူများမှာ ဒုက္ခရောက်ကြရကြောင်း၊ စိုက်စရိတ်မြင့်လာသောကြောင့် တချို့မှာ စိုက် ဧက လျှော့ကြကြောင်း ဦးခင်မောင်ညွန့်က ဆိုသည်။
၂၀၀၈ ခုနှစ်အတွင်းက တဧက စိုက်ပျိုးစရိတ်နှုန်းမှာ ၁ သိန်း ၆ သောင်းမှ ၂ သိန်းဝန်းကျင်အထိ ကုန်ကျခဲ့ပြီး ယခုနှစ် တွင်လည်း တဧက ကျပ် ၁ သိန်း ၈ သောင်းမှ ကျပ် ၂ သိန်း ၂ သောင်းကျော်၊ ၂ သိန်း ၅ သောင်းအထိ ကုန်ကျခဲ့ကြောင်း သိရှိရသည်။
“ဒီနှစ်က စပါးဈေးလည်းကောင်းတော့ လက်ရှိ ဆန်ဈေးကလည်း ကောင်းနေပြီ၊ အရင် ဒီရာသီ ဆန်သစ်ပေါ်ချိန်မှာ ဇီယာဆန် တအိတ်ကို ကျပ် ၁ သောင်း ၁ ထောင် ၀န်းကျင်လောက်နဲ့ ဈေးဖွင့်တယ်၊ အခု တအိတ်ကို ၁ သောင်းခွဲ ဈေးနဲ့ ဈေးကွက်ထဲဝင်လာတယ်”ဟု ရန်ကုန် ဘုရင့်နောင်မှ ဆန်ပွဲရုံ လုပ်ငန်းရှင်တဦးက ပြောပြသည်။
ယခုအခါ အခြေခံလူတန်းစား အများဆုံး စားသုံးလျက်ရှိသော ဆန်ကြမ်းဈေးမှာ ယခင်နှစ်ကထက် တအိတ်လျှင် ကျပ် ၃ ထောင်ကျော်ခန့်အထိ မြင့်တက်လျက်ရှိကြောင်း ဆန်ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ တွံတေး၊ ခရမ်း၊ သုံးခွ၊ သန်လျင်၊ ကျောက်တန်း၊ လှည်းကူး၊ ထန်းတပင် စသည့် ရန်ကုန်တိုင်းအတွင်းရှိ ဒေသများမှ ဆန်များ ၀င်လာသကဲ့သို့ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း ပုသိမ်၊ မြောင်းမြစသည့် ဒေသ တို့မှလည်း ၀င်ရောက်လာကြပြီဖြစ်ကြောင်း သိရှိရသည်။
ယခုဈေးကွက်အတွင်း ၀င်ရောက်လာကြသော ဆန်ကြမ်းများမှာ ပြည်ပသို့ တင်ပို့ ရောင်းချနေကြသော ဆန်အမျိုးအစား များဖြစ်သော်လည်း လက်ရှိဆန်သစ်များမှာ အစိုဓာတ်များ ရှိနေသေးသောကြောင့် တင်ပို့ရန်မဖြစ်နိုင်သေးကြောင်း သိရ သည်။ ဆန်ဈေးမှာ ရှေ့ဆက်တက်လာဖွယ်ရှိကြောင်း ဆန်ကုန်သည်ကြီးများက သုံးသပ်သည်။
စပါးဈေး တက်သွားခြင်းမှာ ဈေးကွက်အတွင်း ဆန်လက်ကျန်နည်းသွားခြင်းနှင့် အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာ သောကြောင့် ဖြစ်ကြောင်း ဆန်ကုန်သည်ကြီး တဦးက ဆိုသည်။
“ဆန်ဈေးတက်၊ စပါးဈေးတက်တာက ငါးထောင်တန်ကိစ္စကြောင့်လည်း ပါတယ်၊ နောက်တချက်က စပါးအ၀င် နောက်ကျ ပြီး ဈေးကွက်ထဲမှာ ဆန်ပြတ်ကုန်တာကြောင့်လည်း ပါတယ်၊ အထွေထွေ ကုန်ကျစရိတ်တွေ မြင့်ကုန်တာကြောင့်လည်း ပါတယ်”ဟု သူက ပြောသည်။
ပြည်တွင်း ဆန်ဈေးကွက်တွင် လက်ကျန်ဆန်မရှိသလောက် ပြတ်သွားသောကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု လျော့နည်း သွားကြောင်း၊ သို့သော်လည်း ဆန်သစ်ပေါ်ပြီဖြစ်သောကြောင့် နိုဝင်ဘာလမှစတင်ပြီး ပြန်လည် မြင့်တက်လာဖွယ်ရှိ ကြောင်း သိရသည်။
၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် တသန်းအထိ တင်ပို့နိုင်မည်ဟု ကျွမ်းကျင်သူ ဆန်ကုန် သည်ကြီးများက ခန့်မှန်းကြသည်။
မြန်မာ့ဆန်၏ ဈေးကွက်ဝေစု အနေအထားမှာ အာဖရိက ဈေးကွက်တွင် အားသာမှုများ ရှိနေကြောင်းလည်း အဆိုပါ ဆန်ကုန်သည်ကြီးများ၏ အဆိုအရ သိရှိရသည်။
မြန်မာ့ဆန်စပါး ပြည်ပတင်ပို့မှုမှာ ၂၀၀၆ -၂၀၀၇ ခုနှစ်အထိ တင်ပို့မှုနည်းပါးခဲ့သော်လည်း ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ အရှိန်ရလာခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဝင်းအေးဖေက ဆိုသည်။
၂၀၀၈ ခုနှစ်တွင် ဆန်စပါး အများဆုံးထွက်ရှိရာ ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော်လည်း ၂၀၀၇ - ၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သိန်းကျော် တင်ပို့ခဲ့သည် ဟုသိရသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာ ရေးနှစ်တွင်လည်း ပြည်ပသို့ ဆန်တန်ချိန် ၆ သိန်းကျော် ၇ သိန်းနီးပါးအထိ တိုးတက် တင်ပို့နိုင်ခဲ့ပြီး လက်ရှိ ဘဏ္ဍာရေးနှစ် ၂၀၀၉-၂၀၁၀ အတွင်းတွင်လည်း တန်ချိန် ၆ သိန်းကျော်တင်ပို့ခဲ့ပြီးဖြစ်၍ ဘဏ္ဍာရေးနှစ်ပြီးဆုံးချိန်တွင် တန်ချိန် တသန်း အထိ တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်း သူကပြောသည်။
ပြည်ပတင်ပို့ဆန် အဓိကဈေးကွက်ဝေစုမှာ ပြီးခဲ့သည့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်က အာရှဈေးကွက်တွင် ၇၀ ရာခိုင်နှုန်း၊ အာဖရိကဈေးကွက်တွင် ၁၀ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းတွင် ၁၂ ရာခိုင်နှုန်း၊ အရှေ့ဥရောပနှင့် တခြားဒေသများတွင် ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။
၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်မူ အာရှဈေးကွက်မှ ဆန်တန်ချိန် ၂ ဒဿမ ၇ သိန်းကျော်ဖြင့်ပြည်ပသို့ တင်ပို့နေသော ဈေးကွက်ဝေစု၏ ၄၀ ရာခိုင်နှုန်း၊ အာဖရိကဈေးကွက်သည် ဆန်တန်ချိန် ၃ ဒသမ ၈ သိန်းကျော်ဖြင့် ဈေးကွက်ဝေစု၏ ၅၆ ရာခိုင်နှုန်းအထိ အများဆုံးဖြစ်ခဲ့ကာ အရှေ့အလယ်ပိုင်းဒေသမှ ၂ ရာခိုင်နှုန်း အရှေ့ဥရောပနှင့် တခြားဒေသများမှ ၁ ရာခိုင်နှုန်း ရရှိခဲ့သည်ဟုလည်း သိရသည်။
အာဖရိကဈေးကွက်သို့ ဆန်တင်ပို့ရာတွင် ယခုအခါလက်ကျန်ဆန်အဟောင်းများကိုသာ အများဆုံးတင်ပို့ပေးနေခြင်း ဖြစ်ပြီး မကြာမီကာလတွင် ဖိလစ်ပိုင်နိုင်ငံသို့လည်း တိုက်ရိုက်တင်ပို့နိုင်ဖွယ်ရှိကြောင်း ဆန်ကုန်သည်များက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံမှာ ပုံမှန်အားဖြင့် ဆန်လိုအပ်ချက်မြင့်မားသည့်အပြင် ယခုနှစ်တွင် ကတ်ဆနာတိုင်ဖွန်းမုန်တိုင်းကြောင့် ဆန်တန်ချိန် ၅ သိန်းကျော် ပျက်စီးခဲ့ရ၍ ပြည်ပနိုင်ငံများမှ ဆန်များ တင်သွင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဆန် ရောင်းချနေသော ကုမ္ပဏီ ၃၀ ခန့်ကလည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် ဆွေးနွေးနေပြီ ဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။
ပြည်ပသို့ တင်ပို့နေသော ဧည့်မထ ၂၅ မှတ် ဆန်ကို ပဲခူးတိုင်း၊ ခရမ်း၊ သုံးခွ၊ သန်လျင်၊ လှည်းကူးနှင့် ဧရာဝတီတိုင်း အတွင်းရှိ တချို့ဒေသများတွင် စိုက်ပျိုးကာ ဈေးကွက်အတွင်းသို့ တင်ပို့ခြင်းဖြစ်ပြီး ယခုလက်ရှိ ပြည်တွင်း ဈေးကွက် အတွင်း၌ ဧည့်မထဆန် တအိတ်လျှင် ကျပ် ၁၅၀၀၀ မှ ကျပ် ၁၇၀၀၀ အတွင်း အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ဧည့်မထ၂၅ မှတ်ဆန်က ပြည်ပပို့ကုန်အမယ်တမျိုးဖြစ်တဲ့အတွက် ပြည်ပတင်ပို့မှုအားကောင်းရင် ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းမြင့်တက်ပါတယ်၊ ဆန်အသစ် မပေါ်သေးခင်အချိန်မှာ ဆန်ဟောင်းလက်ကျန် အရမ်းနည်းသွားတော့ ပြည်ပတင်ပို့ ပေးနေမှု လျော့ကျသွားတယ်၊ ဆန်သစ်ပေါ်ပြီဆိုတော့ အရှိန်အဟုန်နဲ့ ပြန်ပို့ကြရင် ဆန်ဈေးလည်း ဆက်တက်နေဦးမှာပဲ” ဟု ဆန်စက်လုပ်ငန်းရှင်တဦးက ပြောသည်။
ယင်းသို့ ဆန်ဈေးများတက်ရာတွင် လူအများစားသုံးသော ဆန်ကြမ်းဈေး တက်လာသည့်အတွက် စိတ်ပူပင်ကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆန်ရွေး အလုပ်လုပ်ကိုင်လျက်ရှိသော မဖြူမွန်က ပြောပြသည်။
“တနေ့ ၀င်ငွေနဲ့ထွက်ငွေ မမျှတလို့ ဒုက္ခရောက်နေတာ၊ ဆန်ဈေး ထပ်တက်နေပြီဆိုတော့ ဘယ်လိုလုပ်မလဲ၊ အခု အိမ်ရှိလူကုန် အလုပ်လုပ်နေရတာတောင် စားမလောက်တာ”ဟု သူက ဆိုသည်။
၎င်းတို့ကဲ့သို့ နေ့စားအလုပ်သမားများ အနေနှင့် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တရက်လုပ်ခငွေ ကျပ် ၁၅၀၀ ရရှိ သော် လည်း တရက်လျှင် ကားခ ၆၀၀ ကျပ် ရှိသောကြောင့် ကျန်ငွေ ၉၀၀ ကျပ်နှင့် မလောက်ကြောင်း၊ ဆန်ဈေးသာ ထပ်တက်လာမည်ဆိုပါက ပိုပြီးကျပ်တည်းလာမည် ဖြစ်ကြောင်းလည်း ပြောသည်။
၂၀၀၈ ခုနှစ်တွင် မိသားစုဝင် ၅ ဦးရှိသော အခြေခံမိသားစုတစု၏ တနေ့အတွက် ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ် ၃ ထောင်မှ ၅ ထောင်ဝန်းကျင်တွင်ရှိခဲ့ပြီး၂၀၀၉ ခုနှစ်တွင် အနည်းဆုံး ကျပ် ၅ ထောင်မှ ၇ ထောင်အထိ မြင့်တက်လာ ခဲ့ကြောင်း သိရှိရသည်။
ဒီကေဘီအေအဖွဲ့ ရွှေတူးနေကြောင်း သတင်းများထွက်ပေါ်
Saturday, 07 November 2009 11:37 ဖြိုးကြီး
မြဝတီမြို့၊ ကျောက်တောင်ရွာ အနီးတဝိုက်တွင် ဒီကေဘီအေအဖွဲ့များက ရွှေတူးသည့်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။
လွန်ခဲ့သည့် ၆ လခန့်မှ စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရွှေစအနည်းငယ်ပါဝင်သည့် မြေမှုန့်များကို ရောင်းချခြင်းများ ရှိနေသည်ဟု ဒေသခံ ရွှေလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောသည်။
ဒီကေဘီအေအဖွဲ့မှ စစ်သားများ (Photo: taifreedom.com)“အဲဒီက တူးတဲ့ဟာတွေ ကျနော့်ကို လာစပ်သေးတယ်။ မြေမှုန့်တွေနဲ့ ရောနေတာ။ ရွှေမှုန့်တွေတော့ ပါတယ်။ အရောင်ကလည်း အကုန် ရွှေရောင်တွေပဲ။ ဒါက ကံနဲ့ဆိုင်တာဆိုတော့ ကျနော်တို့လည်း လုပ်ဖို့က စဉ်းစားနေတုန်းပဲ” ဟု ပြောသည်။
ယင်းကဲ့သို့ ရွှေတူးနေခြင်းကို ဒီကေဘီအေအဖွဲ့ဝင်များက လူအများအသိမခံဘဲ ၎င်းတို့ အုပ်စုအတွင်းလောက်သာ သိရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
“သူတို့က လူအမြင်မခံဘူး။ အဲဒီမှာရှိတဲ့ သူတွေကို ရှင်းထုတ်ပြီးမှ လုပ်တာ။ ကျနော်တို့လဲ သူတို့ လှုပ်ရှားနေတယ် ဆိုတာပဲ သိတယ်။ တကယ် တိတိကျကျ ဘာတွေလုပ်နေတယ်ဆိုတာကတော့ မသိဘူး။ ကျနော့်ကို ရွှေမှုန့်တွေ လာစပ်တဲ့သူကလည်း ဘယ်ကရတယ်ဆိုတာကို ပြောတာမဟုတ်ဘူး” ဟု ပြောသည်။
ယခုလက်ရှိ မြဝတီမြို့ပေါ်တွင် ဒီကေဘီအေအဖွဲ့ဝင်များအနေဖြင့် အနည်းငယ် ထူးခြားမှုများရှိနေပြီး သွားလာရာတွင် အုပ်စုလိုက် သွားလာခြင်းများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ဒီကေဘီအေအဖွဲ့မှာ မကြာသေးခင်က စစ်အစိုးရလက်အောက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို သဘောတူထားပြီး ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေလျက်ရှိသည်။
ရိုးမ ၃ မှကူးယူဖေါ်ပြသည်။
Friday, November 6, 2009
ကရင်အမျိုးသမီးများ၏ တော်လှန်ရေးအတွက် စွမ်းဆောင်မှုများ
Submitted by Karen Information Center on November 6, 2009 – 6:44 amNo Comment
ဖိုးထူးထူး (ထူးဘီ-တပ်မဟာ ၁)
ဘယ်သမိုင်း၊ တော်လှန်ရေး တိုက်ပွဲတွေမှာမဆို အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ တထောင့်တနေရာ မှာ ပါဝင်စမြဲပါ။ သို့သော်လည်း သူတို့ရဲ့ ပါဝင်မှုကို အနည်းအကျဉ်းသာ အသိအမှတ်ပြုခံရတာ (သို့မဟုတ်) လုံးဝ အသိအမှတ်ပြုမခံရတာဟာ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်နေခဲ့တဲ့ အမှန်တရားဖြစ်သလို ယနေ့ထက်ထိတိုင်လဲ မှန်ကန်နေဆဲလို့ ပြောရင် ငြင်းလို့ရမယ်မထင်ပါဘူး။
လူတွေရဲ့ ခေါင်းထဲမှာ သံမှိုစွဲရိုက်ထားသလို ထင်ကျန်နေတဲ့ အယူသီးမှုတွေထဲက အမျိုးသမီးများတွေရဲ့ ခေါင်းဆောင်မှုအပေါ် အထင်အမြင်သေးတာဟာ အဆိုးရွားဆုံး ကျန်ရှိနေသေးတဲ့ အယူသီးမှုထဲမှ တခု အပါအ၀င် ဖြစ်ပါတယ်။ ဘာကြောင့်လဲလို့မေးလာမယ့်မေးခွန်းအတွက် အဖြေအမျိုးမျိုး ထွက်လာနိုင်ပါတယ်။ တချို့တွေကတော့ အမျိုးသမီးတွေမှာ သဘာဝအရကို မှီခိုနေရမယ့်၊ အုပ်ချုပ်ခံရမယ့်၊ အမျိုးသားတွေရဲ့ ကိုယ်ပွားအဖြစ်သာ ရပ်တည်ရမယ့်၊ ဦးဆောင်မှုမပြုနိုင်တဲ့ လူတန်းစားလို့ မြင်တဲ့သူတွေ ရှိနိုင်ပါတယ်။
ဒီလိုမြင်တဲ့သူကတော့ အမျိုးသမီးတွေ ဘယ်လောက်ပဲ အစွမ်းထက်ပြီး တော်နေပါစေ၊ အသိအမှတ်မပြုနိုင်တဲ့ တဘက်စွန်း ရှေးရိုးစွဲဝါဒီ ကိုင်စွဲထားတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ အနောက်တိုင်းနိုင်ငံတွေမှာ အရင် မတိုးတက်ခင် ဒီလိုအမြင်မျိုးတွေကို အမျိုးသမီးတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားများကဲ့သို့ အမျိုးသမီးများ မစွမ်းဆောင်နိုင်တာဟာ သဘာဝကပေးတဲ့ အခွင့်အလမ်း၊ အခွင့်အရေး၊ ခွဲခြားဆက်ဆံမှု များကြောင့်ဖြစ်တယ်လို့ ပျော့ပြောင်းပြီး အမြင်ကျယ်တဲ့ တချို့လူတွေက မြင်ပါတယ်။ ကျမတို့ ပတ်ဝန်း ကျင်မှာ ဒီလိုလူတွေကတော့ အနည်းစုဖြစ်ပြီး အမျိုးသမီးတွေကို အခြေအနေအရ အသိအမှတ်ပြုနိုင်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှု မြင့်လာတာတဲ့အတူ ဒီအမြင်တွေက ပြောင်းလဲနေ တတ်ပါတယ်။ သို့သော်လည်း ဒီလို အမြင်ပြောင်းလဲဖို့ အမျိုးသမီးတွေ တိုက်ပွဲအမျိုးမျိုးကို အချိန်ကာလ အတိုင်းအတာ တခုအထိ ကျော်ဖြတ်လာရပါတယ်။
ကျမတို့ လက်ရှိ ကရင်အခြေအနေမှာကော အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု၊ စွမ်းဆောင်နိုင်မှုအပေါ် ဘယ်လိုအဆင့်မှာ မြင်နေသေးလဲ။ ကရင်တော်လှန်ရေးထဲမှာ လူတိုင်းက တတ်နိုင်တဲ့ဘက်ကနေ တထောင့်တနေရာမှာ ပေးဆပ်နေကြပါတယ်။ လူတိုင်းလို့ပြောတဲ့နေရာမှာ အမျိုးသမီးတွေ အပါအ၀င် ဖြစ်ပါတယ်။ အသေးအမွားကအစ ပြောရမယ်ဆိုရင် တော်လှန်ရေးအတွက် နောက်တန်းကနေ ထမင်း ဟင်းချက်၊ အ၀တ်အထည်ချုပ်ရာမှအစ တိုက်ပွဲထဲမှာ ပါဝင်တိုက်ခိုက်တဲ့အထိ ပေးဆပ်ကြပါတယ်။ ကရင့်တော်လှန်ရေးမှာ အမျိုးသမီး စစ်သည်တော် ရှိခဲ့ပါတယ်။ ထူးချွန်တဲ့ အမျိုးသမီးစစ်သည်တော်တွေ လည်း အများကြီးပါပဲ။ မိသားစုထဲမှာလည်း မိသားစုအဆင့်အလျောက် တော်လှန်ရေးကို ပံ့ပိုးကူညီကြ တာပါပဲ။ လင်ယောက်ျားက ရှေ့တန်းသွားချိန်မှာ အမျိုးသမီးတွေဟာ ကလေးတွေအတွက် ရုန်းကန်ရ ခြင်း၊ ရန်သူရဲ့ ခြိမ်းခြောက်မှု၊ နှိပ်စက်မှု အမျိုးမျိုးကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်ခြင်းဟာလည်း တိုက်ပွဲဝင် ခြင်း တမျိုးပါပဲ။ အမျိုးသမီးတွေရဲ့ ထောက်ပံ့မှုမရှိဘဲ အမျိုးသားတွေဟာ ဘယ်လိုလုပ်ပြီး တော်လှန်ရေး လုပ်နိုင်မှာလဲ။ ဒီမေးခွန်းကိုပဲ သေသေချာချာ ဖြေကြည့်ပါ။ ပတ်ဝန်းကျင်မှာရော၊ မိသားစုထဲမှာပါ အမေ တွေ၊ ညီအမတွေ၊ အဘွားတွေ စတဲ့အမျိုးသမီးအားလုံးရဲ့ စွန့်လွှတ်မှု ဘယ်လောက်ရှိလဲဆိုတာ မျက်စိ မှိတ်ပြီး တခုချင်း မြင်ယောင်ကြည့်လိုက်ပါ။ ဖြေစရာမလိုဘဲ ရှင်းရှင်းလင်းလင်း မြင်မိပါလိမ့်မယ်။
¬¬¬¬
မိသားစုအဆင့်ကို ကျော်ပြီး ပတ်ဝန်းကျင်မှာ ကြည့်မယ်ဆိုရင် ကျေးရွာတွေမှာ အမျိုးသမီးတွေရဲ့ ခေါင်း ဆောင်နိုင်မှု၊ ဦးဆောင်နိုင်မှုကို သိသိသာသာ မြင်နိုင်ပါတယ်။ တော်လှန်ရေးကာလမှာ အမျိုးသားများက ရှေ့တန်းမှာ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ပြီး အသက်ပေးရတာကိုတွေ အသိအမှတ်မပြုလို့ မရပါဘူး။ တချိန် ထဲမှာပဲ နောက်တန်းကနေ ခုခံပြီး ကာကွယ်တိုက်ခိုက်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကိုလည်း မေ့ ထားလို့ မရပါဘူး။ အမျိုးသမီးတွေရဲ့ အရည်အချင်းမြောက်မြားစွာထဲက စေ့စပ်ညှိနှိုင်းမှု အရည်အချင်း ဟာ ထိပ်ဆုံးနေရာကနေ ပါတယ်လို့ပြောရင် ငြင်းတဲ့သူရှိကောင်းရှိပါလိမ့်မယ်။ သို့သော် လက်တွေ့မှာ စစ်ပွဲဖြစ်နေတဲ့ ကရင်ကျေးရွာတွေကို ကြည့်မယ်ဆိုရင် အမျိုးသားတွေ ရွာသူကြီး မလုပ်နိုင်တဲ့ အခြေ အနေမှာ အမျိုးသမီးတွေက ရွာသူကြီးမအဖြစ် တာဝန်ယူရပါတယ်။ အမျိုးသားတွေ ဘာကြောင့် မလုပ် နိုင်သလဲလို့ မေးစရာရှိလာပါတယ်။ ကျေးရွာတွေမှာ အမျိုးသား သူကြီးလုပ်ရင် နောက်တနေ့ မနက်မိုး လင်းမှာပဲ သစ်စရာမျက်နှာမရှိတော့ဘူးလို့တောင် အဆိုရှိပါတယ်။ ရွာသူကြီးလုပ်ရတာ အဖက်ဖက်နဲ့ ရင် ဆိုင်ရတဲ့ အခြေအနေမှာ အသက်အန္တရယ်အတွက် အဲဒီလောက်တောင် စိုးရိမ်ရပါတယ်။ အမျိုးသမီး တွေဘာကြောင့် ရွာသူကြီးမ၊ လုပ်နိုင်ရတာလဲလို့ မေးချင်ပါလိမ့်မယ်။ ဒီလောက် အမျိုးသားအတွက် တောင် ခက်ခဲတဲ့အလုပ်ဟာ အမျိုးသမီးတွေအတွက်လည်း ဘယ်လွယ်လိမ့်မလဲ။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရ၊ တချို့တွေမှာ မတော်မ တရားပြုကျင့်မှုခံရတာတောင် ရှိပါတယ်။ သို့သော် နည်းလမ်းအ မျိုးမျိုးသုံးပြီး ကျေးရွာအတွက် အခြေအနေမျိုးစုံနဲ့ လိုက်လျောညီထွေအောင် ညှိနှိုင်းပြီး တာဝန်ယူ လုပ် ဆောင်နေရပါတယ်။ နှိပ်စက်ခံရမှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ဘယ်သူမှ မလုပ်နိုင်တဲ့၊ မလုပ်ချင်တဲ့ အလုပ်ကို သူတို့လဲ ပျော်ပြီးတော့ ဘယ်လုပ်ချင်မလဲ။ သို့သော် ကျေးရွာအတွက်၊ ရွာသူရွာသားတွေအ တွက် ရွေးစရာလမ်းမှမရှိတော့ ဓါးသွားထက်ပေါ်လျှောက်ရသလို သူတို့လုပ်နေရတာပေါ့။ နှစ်ပေါင်းများ စွာ လုပ်ခဲ့ပြီးပြီ။ အခုလည်း လုပ်နေဆဲပဲ။ တော်လှန်ရေးအောင်မြင်တဲ့အထိ ကျေးရွာအဆင့်မှာ ဦးဆောင် ပြီး လုပ်နေဦးမှာပဲဆိုတာ မေးစရတောင်မလိုပါဘူး။ ဒီအမျိုးသမီးတွေကို ကြည့်မယ်ဆိုရင် ကရင်အမျိုးသ မီးတွေရဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှုကို မေးခွန်းထုတ်စရာရှိမယ် မထင်တော့ပါဘူး။ သို့ပေမဲ့…ဘာဖြစ်လို့ သူတို့ရဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှုကို အသိအမှတ်ပြုဖို့ ခက်ခဲနေရတာလဲ။ ဘာတွေက ကျမတို့ရဲ့ ဦးခေါင်းထဲမှာ သံမှိုရိုက်စွဲထားသလို အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှုကို အသိအမှတ် မပြုနို်င်ရတာလဲ။
အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကို ကျေးရွာအဆင့်ကနေ တမျိုးသားလုံးအဆင့်ကို ကြည့်မယ်ဆိုရင် အမျိုး သမီးတွေရဲ့ ဦးဆောင်မှုဟာ အတိုင်းအတာတခုအထိ အသိအမှတ်ပြုလာပြီလို့ပြောရင် မှားမယ်မထင် တော့ပါဘူး။ ကရင်အမျိုးသားအစည်းအရုံးမှာ သမိုင်းတွင်တဲ့လုပ်ရပ်ကို ခေါင်းဆောင်တွေလုပ်ခဲ့ပါတယ်။ အဲဒါက သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ပထမဦးဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးချုပ်ကို ရွေးကောက်တင်မြောက်ခြင်းပါပဲ။ အမျိုးမျိုးဝေဖန်သံတွေ ထွက်လာပါတယ်။ တခုပဲ ပြောစရာရှိပါတယ်။ ရွေးကောက်ခြင်းရဲ့ အဓိပ္ပါယ်ကဘာလဲ။ အများစုရဲ့ သဘောတူညီချက်အရ လျှို့ဝှက်မဲနဲ့ အနိုင်ရခဲ့တာဟာ ဒီမိုကရေစီရွေးကောက်ခြင်းရဲ့ နောက်ဆုံးရလဒ် အမှန်တရားပဲဖြစ်ပါတယ်။ ဒီအတွက် အမျိုးမျိုးသော ဝေဖန်မှုတွေက လူနည်းစုဆီက ထွက်လာတာဟာ မဆန်းပါဘူး။ သို့သော် အပြုသဘောနဲ့ ဝေဖန်တာမျိုး၊ အကောင်းဘက်နေပြီး ဝေဖန်တာမျိုးတော့ ဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်မနိုင်လို့မဲပြီး ပျက်စီးလိုပျက်စီးငြား လျှောက်ပြောတာဟာ ဒီမိုကရေစီလိုချင်တဲ့ အသိုင်းအ၀ိုင်းမှာ နိုင်ငံရေးသီးခံနိုင်မှု မရှိသေးတဲ့အတွက် ကြောင့် တကယ်တမ်း ဒီမိုကရေစီလိုချင်ပါက နို်င်ငံရေးသီးခံနိုင်မှု ရှိလာတဲ့အထိ ကြိုးစားကြဖို့ လိုပါသေး တယ်။
အမျိုးသမီးရဲ့ လက်ရှိ ဦးဆောင်မှုအပေါ် ဝေဖန်သူတွေဟာ သူတို့ဖာသာ သူတို့ရှင်းလင်းအောင် ပြဿနာ ကို အရင်ရှာဖို့လိုပါတယ်။ ဘာပြသနာကို အရင်းရှာပြီး ဝေဖန်ချင်တာလဲ။ စီမံခန့်ခွဲမှု၊ ဦးဆောင်မှုအပေါ်မှာ တော့ ပြဿနာရှာစရာ မလိုလောက်အောင်ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးဖြစ်လို့ နိုင်ငံရေး နားမ လည်ဘူးလို့သာ အငြင်းပွားချင်ရင် နိုင်ငံရေးကဘာလဲလို့ ပြန်မေးချင်ပါတယ်။ နိုင်ငံရေးဆိုတာ စကားလုံး အရသာ ခက်သယောင်ယောင်နဲ့ တကယ့်အဓိပ္ပါယ်က ရိုးရှင်းလွန်းပါတယ်။ လူတိုင်းနားလည်တဲ့ နိုင်ငံ ရေးရဲ့အဓိပ္ပါယ်ဟာ တကယ့် ရှင်းရှင်းလင်းလင်းပါ။ အဲဒါကတော့ အောက်ခြေကနေ အမြင့်ဆုံးအထိ ဖြစ် နေတဲ့ ပြဿနာအားလုံးရဲ့ အဖြေကိုရှာခြင်းဟာ နိုင်ငံရေးပါပဲ။ ဒီနိုင်ငံရေးကို အမျိုးသမီးဖြစ်လို့ ဘာ ကြောင့် နားမလည်ရမှာလဲ။ ပြဿနာတွေပေါင်းစုံရဲ့ အရင်းအမြစ်ကြားမှာ နေလာခဲ့ရပြီး အခက်အခဲမျိုးစုံ အောက်က ဖြတ်သန်းရတဲ့ အမျိုးသမီးတွေက ဘာကြောင့် ဒီပြဿနာကို နားမလည်ဘူးလို့ အထင်ခံရ တာလဲ။ ပိုပြီးတော့တောင် ဖိနှိပ်မှုကို ခံရတဲ့အမျိုးသမီးတွေပါ။ ပြဿနာရဲ့ အရင်းအမြစ်ကို အောက်ခြေ ကနေ ထိပ်ဆုံးအထိ ပိုနားလည်လို့ ပိုပြီးတော့တောင်မှ ဘယ်အဖြေဟာ အကောင်းဆုံးလဲဆိုတာ သိနေပါ တယ်။ ဒါပေမဲ့ အပြောထက် အလုပ်ကိုသာ အမြဲတမ်းလုပ်နေတဲ့ အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှုကို နောက်ဆုံးအထိ စောင့်ကြည့်စေချင်ပါတယ်။ အဲဒီအခါကျမှသာ အမျိုးသားခေါင်းဆောင်များနဲ့ တန်းတူ ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ဝေဖန်ပါ။ ဆန်းစစ်ပါ။ အမြင့်ဆုံးအဆင့်မှာ ပထမဦးဆုံး အမျိုးသမီး ဦး ဆောင်မှုအပေါ် စိတ်ရှည်သီးခံကြပါ။ အဖြေဘာမှ မသိခင်ကတည်းက အမျိုးသမီးဖြစ်လို့ကို အဖွဲ့အ စည်းအတွင်း နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တဲ့ ရှိရှိသမျှ အခက်အခဲမျိုးစုံ၊ ပြဿနာပေါင်းစုံကို ဒီအမျိုးသမီးအပေါ် ပုံချတာဟာ မတရားဘူးလို့ထင်ပါတယ်။ အမြင်လေးများ ဒီထက် ပိုကျယ်စေချင်ပါ တယ်။ နိုင်ငံရေးသီးခံမှု အပါအ၀င် အမျိုးသမီးတွေအပေါ် အဆိုးမြင်လွန်းတဲ့ အစွဲကလေးများ ကင်းရှင်း ပါက ကျမတို့ ကရင့်လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့ဘက်ကို ကောင်းသထက်ကောင်းအောင် ဦးတည် သွားမှာပါ။
KIC မှကူးယူဖေါ်ပြသည်။
ကရင့်နေ့ ထူး နေ့ မြတ်များ။
- ကရင်နှစ်သစ်ကူးနေ့ ---ပြာသိုလဆန်း ၁ရက်နေ့ 
- ကရင်တော်လှန်ရေးနေ့ --- ဇန်န၀ါရီလ 31ရက်နေ့ 
- ကရင်အမျိုးသားအစည်းအရုံးနေ့  --- ဖေဖော်ဝါရီလ 5ရက်နေ့ 
- ကရင်အမျိုးသားနေ့  --- ဖေဖော်ဝါရီလ ၁၁ရက်နေ့ 
- ကရင်အမျိုးသမီးအစည်းအရုံးနေ့ --- ဧပြီလ 5ရက်နေ့ 
- ကရင်လူငယ်အစည်းအရုံးနေ့ ---မေလ 23ရက်နေ့ 
- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ ---ဂျူလိုင် 5ရက်နေ့ 
- ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်နေ့ --- ဂျူလိုင် 16ရက်နေ့ 
- ကရင့်အာဇာနည်နေ့ ---သြဂုတ်လ 12ရက်နေ့ 
- ကရင်ချည်ဖြူဖွဲ့ (လက်ချည်ပွဲ)နေ့ --- ၀ါခေါင်လပြည့်နေ့ 